ပေါက်ခေါင်း ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့သမဝါယမဦးစီးဌာနစည်းအဝေး ခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းအချိန်က EXAM ဘဏ်ချေးငွေများမှ ချေးငွေအပေါ်အတိုးများပြန်လည်ကောက်ခံရေး အခြေခံသမဝါယမ အသင်းသားများ နှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါညှိနှိုင်းဆွေးပွဲတွင် သမဝါယမဦးစီးဌာမြို့နယ်တာဝန်ခံ ဦးခင်မောင်စိုး က China EXIM ဘဏ်မှချေးငွေချေးယူ ခံစားထားရှိသော အခြေခံသမဝါယမ အသင်းသားများအား(၁၄)ကြိမ်မြောက်ချေးယူထား ရှိငွေများမှ ၁၆ ပုံ ၁ ပုံအရင်းနှင့် ချေးငွေအပေါ်အတိုးများကို ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်မီ အကြေအလည်ပေးဆပ် နိုင်ရေးကို ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာနမှနယ်မြေခံတာဝန်ကျ အဖွဲ့(၄)ဖွဲ့ခေါင်းဆောင်ဦးစီးမှူးများမှလည်း ပေးဆပ်ရမည့် ချေးငွေ အပေါ်အတိုးနှုန်းများနှင့်ပက်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ရာ အခြေခံသမဝါယမအသင်း ဥက္ကဌနှင့်အသင်းသားများကလည်း မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)