ခရမ်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဈေးရောင်း/ဈေးဝယ်များအား mask များဖြန့်ဝေ

ခရမ်း       ဒီဇင်ဘာ   ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် Stay Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါကူးစက် ပျံနှံ့မှုအားလျှင်မြန်စေ သော  လူစုလူဝေးဖြစ်ပေါ်မှု့ကို လျှော့ချနိုင်စေရန်အတွက် ခရမ်းမြို့မဈေးကြီးတွင် စားသောက်ကုန်ပစ္စည်းနှင့်သား/ငါး အသီးအနှံများသာရောင်းချ ခွင့်ပြုထားပြီး အခြားမည်သည့်ဆိုင်မျှ ဆိုင်ဖွင့်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီကဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦး‌ရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ခရမ်းမြို့ မြို့မဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး   သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်  ရမည့် ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များ နှင့်အညီဈေးအတွင်းသို့  နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ‌ စစ်ဆေးခြင်း နှင့် ‌နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား‌ ဈေးအတွင်းဝင် ရောက်ခွင့်မပြုဘဲ  mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေးအသိပညာပေး ခြင်းများကို ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့   အမှူဆောင်အရာရှိ   ဦးသိန်းထူးနှင့် မြိုနယ်စည်ပင် သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးအဖွဲ့ဝင်များမြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများကခရမ်းမြို့မဈေးကြီးအဝင်မှစ၍ပြည်သူများအား mask တပ်ဆင်ရေး အသိပညာပေး၍ဈေးအတွင်း ဈေးသည်/ဈေးဝယ်များအား mask များအခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။

ကိုမင်း( ခရမ်း )