ရွှေပြည်သာ ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်လက်ထောက်ပညာရေးမှူး ဒေါ်သီရိထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက သင်တန်းဖွင့်လှစ်ပေးခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဦးတင်ဝင်း ပန်းချီဆရာဝင်းနွယ် (ပုသိမ်)က ပန်းချီပညာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဦးတင်ဝင်း ပန်းချီဆရာဝင်းနွယ် (ပုသိမ်) က ဆက်လက်ပို့ချရာ ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး တက်ရောက်ကြပြီး သင်တန်းကို (၂၄-၄-၂၀၂၅) မှ (၈-၅-၂၀၂၅) ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်