သုံးခွ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် သမဝါယမအသင်းစုလီမီတက်ရုံးတွင် ၁၄ ကြိမ် မြောက် China Exim Bank ချေးငွေ များပြန်လည်ကောက်ခံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၁နာရီက ကျင်းပကြောင်းသိရှိရသည်။
ပထမဦးစွာမြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးက China Exim Bank ချေးငွေနှင့်ပက်သက်၍ လည်းကောင်း သမဝါယမ အသင်းရေရှည်တည်တံ့ရေးအတွက်လည်းကောင်း ရှင်းလင်းပြောကြားပြီး မြို့နယ် သမဝါယမအသင်းစုလီမီတက်ဥက္ကဋ္ဌ ဦးဇော်ဝင်းက ချေးငွေ အတိုးများကို ဒီဇင်ဘာလ၁၈ရက်မှ ၂၅ ရက် သတ်မှတ်ရက်အတွင်း ပြန်လည်ကောက်ခံရေးဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသော အခြေခံသမဝါယမအသင်းများမှ ဥက္ကဋ္ဌများနှင့် အမှုဆောင်များကချေးငွေ ကိစ္စနှင့် ပက်သက်၍ပြန်လည် ဆွေးနွေးတင်ပြကြသည်။
သုံးခွမြို့နယ်တွင် သမဝါယမဦးစီးဌာနနှင့်မြို့နယ်သမဝါယမအသင်းစု လီမီတက်တို့ ပူးပေါင်း၍ မြို့နယ်အတွင်း အခြေခံသမဝါယမအသင်း ပေါင်း၇၀အားစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နိုင်ရန် ချေးငွေ ၂၅၄၈ ၇ဒသမ၅ သိန်းအားထုတ်ချေး ပေးခဲ့ပြီး စို က်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေကျပ်ငါးသိန်း ထုတ်ယူသူတစ်ဦးသည် ခြောက်လစာ အတိုး၅၂၅၀၀ကျပ် သာပေးသွင်း ရမှာဖြစ်ပြီးကို ဗစ်ကာကွယ်ထိန်းချုပ်ကာလဖြစ်သည့်အတွက် အသင်းသားများ အဆင်ပြေစေရန် ခြောက်လစာအတိုးသာ ကောက်ခံခြင်း ဖြစ်ပြီးအရင်းငွေ ကိုဆက်လက်ထားရှိမည်ဖြစ်ကြောင်းသိရှိရသည်။
စည်သူလင်း (ပြန်/ဆက်)