ရေတာရှည် ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြေငလျင်ဘေးသင့် ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၄) ရပ်ကွက် အောင်မြန်မာလမ်းနှင့် တပင်ရွှေထီးလမ်း၌ ရွေ့လျားစနစ်ဖြင့် ဈေးနှုန်းချိုသာစွာလိုက်လံရောင်းချပေးလျက်ရှိသည်။
အဆိုပါစားသောက်ကုန်များကို ရေတာရှည်မြို့နယ်အတွင်းရှိ မြေငလျင်ဘေးသင့်ပြည်သူများအတွက် ပြင်ပဈေးနှုန်းထက် သက်သာသော တန်ဖိုးသင့်ဈေးနှုန်းများဖြင့် ဆန်တစ်ပြည်လျှင် ငွေကျပ်(၃၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၃၅၀)၊ စားအုန်းဆီ ၅၀ကျပ်သားလျှင် ငွေကျပ်(၄၀၀၀)၊ ငါး ၁၀ ကျပ်သားလျှင် ငွေကျပ်(၈၀၀)၊ ကြက်သား ၁၀ ကျပ်သားလျှင် ငွေကျပ် (၁၅၀၀)၊ ဝက်သား ၁၀ ကျပ်သားလျှင် ငွေကျပ်(၂၀၀၀)၊ ဆိတ်သား ၁၀ ကျပ်သားလျှင် ငွေကျပ် (၂၀၀၀) နှုန်းများဖြင့် ဈေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)