မြောက်ဥက္ကလာပမြို့နယ်၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် မီးဘေးအသိပညာပေး လုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာ ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် မီးဘေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၃ နာရီအချိန် ရွှေပေါက်ကံရပ်ကွက်အတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်၀င်း၊ ရာအိမ်မှူးများဖြင့် ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရွှေပေါက်ကံရပ်ကွက်ရှိ ပြည်သူများအနေဖြင့် မိမိရပ်ကွပ်အတွင်း မီးဘေးလုံခြုံရေး  လျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှု အခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်း ကိရိယာများထားရှိမှုအခြေအနေ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ရေလုံလောက်စွာရရှိမှုအခြေအနေ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ရပ်ကွက်များအတွင်း မီးသတ်ကားများ အလွယ် တကူ ဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများအား အသိပညာပေး ဟောပြောခြင်း၊  အိမ်တစ်တက်တစ်အိမ်ဆင်း မီး ဘေး စစ်ဆေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး နှိုးဆော်ခြင်းများကို ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)