လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask နှင့် Face shield များ အခမဲ့ဖြန့်ဝေ

လသာ  ဒီဇင်ဘာ ၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊  လသာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီမှစ၍  မြို့နယ်အတွင်းရှိ ပြည်သူများအား ပါးစပ်၊နှာခေါင်စည်း(Masks) နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာမျိုးကိုကိုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး၊ လမ်းသာယာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ပါးစပ်၊နှာခေါင်းစည်း(Masks)နှင့် ကျန်းမားရေးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပါးစပ်၊ နှာခေါင်းစည်း(Masks) နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို လသာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းများ၊ ဈေးနှင့် လူစည်ကားရာ နေရာများတွင်  အပတ် စဉ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။

မေသူ(ပြန်/ဆက်)