တန့်ဆည် ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းသေဒကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဆောက်အဦး ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါမြို့နယ် ရွေးကောက်ပြဲကော်မရှင်အဖွဲ့ခွဲရုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့် ပြုရန်ပုံငွေ ကျပ်သန်း (၅၀)ဖြင့် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး၂၀၂၀ပြည့်နှစ် သြဂုတ်လ ၃၀ ရက်နေ့တွင်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။ ယင်းတည်ဆောက်ရေးလုပ်ငန်းများကို ကောင်းမြတ် မိုးဆွေကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦမှာ အလျား (၄၈)ပေ၊အနံ(၃၆)ပေ၊ အမြင့်(၁၂)ပေ RC တစ်ထပ်ဖြစ်ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)