တံတားမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

တံတား ဧပြီ ၂၆

၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ယနေ့နံနက်ပိုင်းက မြို့မီးသတ်ဦးစီးဌာနမှ တံတားမြို့အတွင်းရှိ ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့မီးသတ်ဦးစီးဌာနမှ ယာယီတာဝန်ခံတပ်ကြပ်ကြီး ထွန်းအောင်ကျော်နှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအား မီးဘေးလုံခြုံရေးနှင့် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများ စစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့သည်။

တံတားမြို့ နယ်မြေမီးသက်စခန်းသည် မြို့အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရပ်ကွက်များအတွင်းရှိ အိမ်နှင့်စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် လိုက်လံဆော်သြခြင်း၊ မီးဘေးကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးဆော်သြခြင်း၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံ ရေးအတွက် စစ်ဆေးအကြံပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)