ဒလမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ အေရိုးဗစ်အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

ဒလ ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အေရိုးဗစ်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ မိနစ်(၃၀)အချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင် တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဒလမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းအတွက် သင်တန်းနည်းပြဆရာမအား အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး သင်တန်းသူ၊  သင်တန်းသားများအား လိုက်လံနှုတ်ဆက်၍ အချိုရည်ဘူးများပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့်အဖွဲ့၀င်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းမာနှင့် ဆရာ/ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်းအင်အား(၁၀၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်

ခင်စန္ဒာမြင့် (ပြန်/ဆက်)