မုံရွာ ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် သီတင်းသုံးတော်မူနေကြသည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက် အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး တို့အား ဆက်ကပ်လှူဒါန်းပွဲ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဆူးလေကုန်း ရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိ တက္ကသိုလ် ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဓမ္မပါရဂူပါဠိ တက္ကသိုလ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရား ကြီးရပ်ကွက်ရှိ သာစံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တတေေဝန္တထံ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုးပြင်ကျေးရွာ၌ ဆရာတော်ကြီးဦးဆောင်မှုဖြင့် အောင်မင်္ဂလာမိုးကောင်းစေတီတော်ကြီး တည်ထားကိုး ကွယ်ရန်အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ အလှူငွေကျပ် သိန်း - ၅၀ အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း - ၅၀ အားလည်းကောင်း၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ဘိလပ်မြေအိတ် ၂၀၀ တို့အားလည်း ကောင်းအသီးသီး ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ် လှူဒါန်းကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှေက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရား ကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)