လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၈) နာရီ၌ အမှတ်(၇)ရပ်ကွက်၊ ဝေဇယန္တာဓမ္မရုံတွင် ပြည်သူများအား ထုတ်ပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင်နိုင်ရန်၊ ပြည်သူများအားလုံးခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်၊ အိမ်ထောင်စု စာရင်းများတွင် မိသားစုဝင်များ၏ လူဦးရေနှင့် အမည်စာရင်းများ မှန်ကန်စွာ ထည့်သွင်းဖော်နိုင်ရန်ဖြစ်ပြီး အသက်(၁၀)နှစ်နှင့် (၁၆)ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၃) ကတ်နှင့် အသက်(၁၆)နှစ် အထက်(၄၂)ကတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် ၀န်ထမ်းများက စုစုပေါင်း (၆၅) ကတ်ကို စမတ်ကတ်လည်း နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးကြည်သာဇော်၊ ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မောင်ဝင်းနှင့် အဖွဲ့၀င်တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)