ရေတာရှည် ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် အောင်နိုင်တိုးစပါး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ဧပြီလ၂၅ ရက် နံနက် ၈ နာရီ အချိန်ကကြံသနွယ်ကျေးရွာအုပ်စု၊ နန်ချွန်ကျေးရွာ ကွင်းအမှတ်(၆၇၃)၊လယ်မြေဧက(၅)ဧက၊ တောင်သူဦးအောင်၀င်း၏ လယ်မြေ၌စံပြရိတ်သိမ်းပွဲ ကျင်းပသည်။
အဆိုပါ နွေစပါးစံပြစိုက်ခင်းစံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်ဝေ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်၀န်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၅၀)ဦး ခန့်တက်ရောက်ခဲ့ကြသည်။
ထို့နောက် တောင်သူဦးအောင်ဝင်း၏ ကွင်းအမှတ်(၆၇၃)၊ လယ်မြေဧက(၅.၀၀) နွေစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာ တစ်ဧကအထွက်နှုန်း အစိုတင်း(၁၅၆.၂)တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)