ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကိုရီးယားအခြေခံစကားပြော သင်တန်းဖွင့်လှစ်

ဒဂုံ  ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကိုရီးယားအခြေခံစကားပြောသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဆရာမ Hana Hsu မှ ကိုရီးယားဘာသာစကားမှအခြေခံဗျည်း၊ သရများနှင့် ကိုရီးယားစာအခြေခံ‌‌ဝေါဟာရများ၊ စကားစုများ သင်ကြားပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကိုရီးယားစကားပြောနိုင်တဲ့ အထိဆက်လက်သင်ကြားပေးသွားမည်ဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ခြင်း၊စာဖတ်ဝိုင်းများ ကျင်းပခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မည်သူမဆို လာရောက်၍ စာအုပ်များအခမဲ့ ဌားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။

အဆိုပါကိုရီးယားအ‌ခြေခံစကား‌ပြောသင်တန်းကို စနေ၊တနင်္ဂနွေပိတ်ရက် ၂၆-၄-၂၀၂၅ ရက်နေ့မှ ၁၈-၅-၂၀၂၅ ရက်နေ့အထိ ဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပြီး ယခုသင်တန်းကိုတက်ရောက်သူ (၁၅)ဦးရှိကြောင်း သိရသည်။

လဲ့လဲ့(ပြန်/ဆက်)