အင်းစိန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာပေဥယျာဉ်(Book Club)အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

အင်းစိန် ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးသား သည့် သူ့ကျွန်မခံပြီစာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင်  Book Club အဖွဲ့ နာယက ဦးရန်နောင်  (ရန်နောင်-ပညာရေး)၊ အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် အင်းစိန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့်(တော်မြင့် ငှက်ဖျား)တို့က အဖွင့်အမှာစကားပြောကြားကြပြီး ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း အတွင်းရေးမှူး ဦးတင်ဝင်းလေး(ကြည့်မြင်တိုင်)က မုဒိတာစကားပြောကြား၍ အင်းစိန်မြို့နယ် စာပေဥယာဥ်အသင်း Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးဘိုကြည်( ဒေါက်တာဗိုလ်သံဏိ-တောင်တွင်းကြီး)က စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် သူ့ကျွန်မခံပြီစာအုပ်ကို ရန်ကုန်တိုင်းဒေသကြီးသတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးသက်တင်၊ စာရေးဆရာ(မောင်သာတင့်)က  စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲတက်ရောက်လာကြသူများက  သူ့ကျွန်မခံပြီစာအုပ်ပါအကြောင်းအရာများနှင့် သိလိုသည့်အချက်လက်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး၊  Book Club အဖွဲ့ နာယက ဦးသက်တင် (မောင်သာတင့်)က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)