စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း mask campaign ပြုလုပ်‌

ပင်လည်ဘူး ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း mask campaign ပြုလုပ်‌ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန် မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွများနှင့် ပင်လည်ဘူး-ဖောင်းပြင်သွား အင်ကုန်းမူးတံတား ထိပ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ နှာခေါင်းစည်း mask များ အခမဲ့ ဖြန့်ဝေမှုဆောင်ရွက်ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နောင်၊ မြို့မိမြို့ဖဦးတင်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးနေတိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ လမ်းသွား လမ်းလာပြည်သူများအား ကျန်းမာရေး နှင့်အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အပြင်ထွက်တိုင်း နှာခေါင်းစည်း mask တပ်ဆင်သွားလာမှုရှိစေရေးအတွက် နှာခေါင်းစည်း mask တပ်ဆင် သွားလာမှုမရှိသူများအား နှာခေါင်းစည်း mask များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း mask တပ်ပြီး သွားလာတဲ့အလေ့အထများရရှိစေရေးအတွက်   အသိပညာဆောင်ရွက်မှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။

 မျိုးလွင်(ပင်လည်ဘူး)