ကော့မှူးတွင် ကျေးရွာနေပြည်သူများနှင့်‌တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေ၊ နည်းဥပ‌ဒေများ‌ဆွေးနွေး

ကော့မှူး    ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ကျိုက်ထော်(တ)ကျေးရွာ၊ကျိုက်ထော်(မ)ကျေးရွာ၊မဆယ်ဆိပ်ကျေးရွာများတွင် ယနေ့နံနက်က ကျေးရွာ‌အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေနည်းဥပ‌ဒေများအားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစတင်ကျင့်သုံးစဉ်က ပြဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားအားလုံးအကျုံးဝင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ပြည်သူစစ်မှုထမ်းစနစ်ကျင့်သုံးခြင်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်နှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလလုပ်ကြံသတင်းများအား စိုးရိမ်ကြောင့်ကြမှုဖြစ်ရန်မလိုကြောင်း စသည့်များအားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရန်နှင့်ကျန်းမာ‌ရေး၊ ပညာ‌ရေးဆိုင်ရာကိစ္စရပ်များအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်ဖြိုးမြင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှူးတို့က နယ်‌မြေလုံခြုံရေး၊ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များအားဆွေးနွေးခဲ့ပြီး၊ အဖွဲ့ဝင်(၂)ဦးမြင့်ဦးနှင့်ဌာနဆိုင်ရာများကဒေသဖွံ့ဖြိုးရေးကိစ္စများ၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ရွာတွင်းလမ်းကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊  ငါးကန်များ လိုင်စင်ပြုလုပ်ရေးကိစ္စရပ်များပတ်သက်သော အကြောင်းအရာများကို ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျိုက်ထော်(တောင်)ကျေးရွာအတွင်းမြစ်ရေတင်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကျိုက်ထော်(မြောက်)ကျေးရွာအတွင်းရှိဆောက်လုပ်ရေးပစ္စည်းများနှင့် ပိုးသတ်ဆေးဆိုင်မျာအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)