ရွှေဘို ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ရွှေဘိုသွေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရွှေဘိုမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအောင်ဘုန်းညိုက စာဖတ်ခြင်းသည် လူငယ်တွေ၏ အတွေးအမြင်နှင့် ဘဝကို ပိုမိုကျယ်ပြန့်စေကြောင်း၊ စာဖတ်ခြင်းဟာ လူတွေ၏ နှလုံးသားကို နွေးထွေးစေပြီး အမှန်တရားဆီ ဦးတည်စေသည့် လမ်းပြမီးအိမ်တစ်ခုဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ ဆရာမ ယဉ်မင်းဟန်(ရွှေဘို) ရေးသားသော "ချစ်စရာနှုတ်ဖျားက သစ္စာစကားဆိုကြစို့" ဝတ္ထုတိုပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာဖတ်ဝိုင်းများနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)