လှိုင်းဘွဲ ဒီဇင်ဘာလ ၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ပိုင်ကျုံမြို့နယ်ခွဲ လော်ကော်ကျေးရွာအုပ်စု လော်ကော်ကျေးရွာ ရွာတွင်းဂဝံမြေသားလမ်းခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဂဝံမြေသားလမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ (၂၅၆၀၀၀၀၀)ကျပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၆၄၀၀ပေ x အကျယ် ၁၈ပေ x ထု ၁ပေ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ် တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး ဦးကျော်စွာဝင်း၊ လူထုစည်းရုံးရေးမှူးစောဝင်းမင်းအောင်တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်း ၁၀၀%ပြီးစီးပါက လော်ကော်ကျေးရွာမှ အိမ်ထောင်စု (၂၅၀)စု လူဦးရေ (၁၆၂၆)ဦးတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့စွာ သွား/လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)