နတ်တလင်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ကျေးလက် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နေ့လယ် (၁)နာရီက ပဲမခမ်းကျေးရွာ အုပ်စု ပဲမခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်နှင့် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းတို့က အမှာစကားအသီးသီး ပြောကြား၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် လက်ထောက် (၃) ဒေါ်ထားထားဦးက ပြည်သူ့ စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သော ဌာနဆိုင်ရာများက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အသီးသီးတင်ပြဆွေးနွေးကြသည်။ ထို့နောက် တက်ရောက် လာသူများ၏ သိရှိလိုသော မေးမြန်းမှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
ဝင်းမြင့် (နတ်တလင်း)