ရေတာရှည်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား အကျိုးခံစားခွင့်ငွေများ ပေးအပ်

ရေတာရှည် ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရေတာရှည်မြို့နယ်အတွင်းရှိ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား အကျိုးခံစားခွင့်ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၉) အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါအကျိုးခံစားခွင့်ငွေများ ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး သန့်ဇင်ဝေနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းလင်းတို့က ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု (၃၄) စုအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် (၁၅) သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၅၁၀၀၀၀၀၀-/) အား ပေးအပ်ခဲ့ပြီး၊ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)