ဒဂုံဆိပ်ကမ်း ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အဆင့်မြင့်ပုံတူပန်းချီရေးဆွဲနည်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်ရည်ရွယ်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆင့်မြင့်ပုံတူပန်းချီရေးဆွဲနည်းသင်တန်းတွင် သင်တန်းသား/သူ ၂၀ဦး၊ အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား/သူ ၁၅ ဦးတို့အား ၁၅ ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆင့်မြင့်ပုံတူပန်းချီရေးဆွဲနည်းသင်တန်းအား နံနက်ပိုင်းတွင်လည်းကောင်း၊ အခြေခံကွန်ပျူတာသင်တန်းအား နေ့လယ်ပိုင်းတွင်လည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)