မြောက်ဥက္ကလာပမြို့နယ် အထက (ခွဲ) လ (၁၀) Quarantine Center သို့ အလှူရှင်မှ အလှူငွေများလာရောက်လှူဒါန်း

မြောက်ဥက္ကလာပ     ဒီဇင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အထက(ခွဲ) လ(၁၀)ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ရှိသူများနှင့် ဆက်စပ်သူများထားရှိရန် သီးသန့်ဖွင့် လှစ်ထားသည့် Quarantine Center၌      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင်   အသုံးပြုနိုင်ရန် အလှူရှင်မှ  အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီက  လာရောက် လှူဒါန်း ခဲ့ကြောင်း သိရ သည်။

ထိုသို့လှူဒါန်းရာတွင် ဟောလိဝုဒ်မုန့်တိုက်မှ မန်နေဂျာနှင့်ဝန်ထမ်းများစုပေါင်း၍အလှူငွေကျပ် (၅)သိန်းကို လာရောက်လှူဒါန်းရာ ရွှေပေါက်ကံမြို့ သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲမှူး ဦးနိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက်နေသူများနှင့် Volunteer များအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဖုန်း- ၀၉/ ၄၂၀၁၆၃၇၃၃သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)