ဟုမ္မလင်း၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အ မျိုးသမီးများ အပေါ် အကြမ်းဖက်မှုရပ်တန့်ရေး(၁၆)ရက်တာလှုပ်ရှားမှုနှင့်သက်ငယ်မှုဒိမ်းနှင့် Gender Based Violence (GBV) အသိပညာပေး Online သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံ နက်(၈) နာရီကဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေး နှင့် ဦးစီးအရာရှိ ဒေါ်စန်းစန်းရီတို့က အမျိုးသမီးများ အပေါ်အကြမ်း ဖက်မှုရပ်တန့်ရေး (၁၆)ရက် တာလှုပ်ရှားမှုအကြောင်းရှင်းပြောကြားခြင်း၊ Gender Based Violence (GBV)ကျား/မ အခြေပြုအကြမ်းဖက်မှု သိကောင်း စရာ၊ Case Management(ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်း)ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များ၊ အကြမ်းဖက်မှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်း အရင်းများသိကောင်းစရာများကို ရှင်းလင်းခြင်း၊တက်ရောက်လာသူ များနှင့် အမေး၊အဖြေကဏ္ဍတို့ကို Online စနစ်ဖြင့် သင်ကြားပို့ချခဲ့ ကြကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)