မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ရာဘာမှိုင်းခံရုံမီးလောင်မှုဖြစ်ပွား

သံဖြူဇရပ် ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာတွင် ယနေ့နံနက် ၂ နာရီအချိန်ခန့် ၌ ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေး ဦးစီး သည့် တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်()စီး၊ ရေသယ်ယာဉ်()စီး၊ စည်ပင်သာယာရေးအဖွဲ့ ရေသယ်ယာဉ်(၁)စီး၊ အရပ်ဖက်ရေတင်ကား(၁)စီးနှင့်သွားရောက်၍ မီးငြှိမ်းသတ်မှုဆောင်ရွက်ခဲ့ကြောင်းနှင့် နံနက် ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာတွင်၊ ရသေ့တောင်ကျေးရွာကွက်သစ်ပိုင်းရှိ အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိ နှစ်ခန်းတွဲ ရာဘာမှိုင်းခံရုံမှာ မီးအပူချိန်မြင့်မားသဖြင့် မီးလောင်မှုဖြစ်ပွားကြောင်းနှင့် မီးလောင်မှုကြောင့် မှိုင်းတင်ထား သည့်ရာဘာပြားများနှင့် မှိုင်းရုံတစ်ရုံမီးလောင်ဆုံးရှုံးပြီ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေးထံမှသိရသည်။

အေးအေးသီ(ပြန်/ဆက်)