မြင်းမူ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် ယခုနှစ် အောက်တိုဘာလမှစ၍ ဆောင်းသီးနှံအများအပြားကို မိမိရေမြေနှင့်ကိုက်ညီ သည့်သီးနှံများကို ရွေးချယ်ကာစိုက်ပျိုးလုပ်ကိုင်လျှက်ရှိရာ စိုက်ပျိုးသီးနှံများအထွက်နှုန်း ပိုမို ရရှိရေးနှင့် ကျရောက်တတ်သည့်ပိုးမွှားအန္တရာယ်များနှင့်ပါတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေး လျှက်ရှိကြောင်းသိရှိရသည်။
ယခင်နှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးထွက်ရှိမှုမှာ ပုံမှန်သာ ရရှိခဲ့၍ ယခုဆောင်းသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက ပိုမိုအာရုံစိုက် ဆောင်ရွက် လာသည်နှင့်အညီ စိုက်ပျိုးသီးနှံများပိုမိုထွက်ရှိရေးနှင့် ဆောင်းသီးနှံများတွင် ကျရောက် တတ်သည့် သီးနှံဖျက်ပိုးမွားအန္တရာယ်များနှင့်ပါတ်သက်၍ ဒေသခံတောင်သူများ သိရှိလိုက်နာ ဆောင်ရွက်ရေးအတွက် ဒေသခံတောင်သူစိုက်ကွင်းများထိသွားရောက်ကာ ရောဂါကျရောက် နိုင်သည့် ပိုးမွှားနှင့် မိမိသီးနှံထွက်ရှိရေးအတွက် အထောက်အကူပြုသည့် ပိုးမွှားများကို ခွဲခြား သိရှိနိုင်ရေးနှင့် စိုက်ခင်းများအတွင်း ဓါတုပိုးသတ်ဆေးများအလွန်အကျွံ မသုံးစွဲဘဲ အကုန်အကျ သက်သာပြီး ပါတ်ဝန်းကျင်ဂေဟစနစ်ကိုမထိခိုက်စေသည့် သဘာဝ ပိုးသတ်ဆေးရည်များ၊ သဘာဝအားဆေးရည်များနှင့် သဘာဝမြေဩဇာများပြုလုပ်သုံးစွဲ နိုင်ရေးတို့အတွက် လက်တွေ့ ပြသဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှုး ဦးရဲမြင့်သိန်းထံမှသိရှိရသည်။
မြင်းမူမြို့နယ်အတွင်း ဆောင်းသီးနှံများဖြစ်သည့် ကုလားပဲ၊ မတ်ပဲအပါအဝင်ပဲမျိုးစုံ (၃၆၄ ၀၇) ဧက ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနှမ်း၊ ဆောင်းမြေပဲအပါအဝင် (၈၃၀၅၅)ဧက၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်အခြားစားဖိုဆောင်သုံးသီးနှံ (၂၅၆၅)ဧကနှင့် အခြား သီးနှံ များ (၃၇၁၂၆)ဧကအပါအဝင် ဆောင်းသီးနှံမျိုးစုံ (၁၅၉၁၈၅)ဧကကို ဒေသခံတောင်သူများ က စိုက်ပျိုးလုပ်ကိုင်ရန် လျှာထားဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)