ခါမ်းပါတ် ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ၊တမူးခရိုင် ၊ ခါမ်းပါတ်မြို့တွင် ခါမ်းပါတ်မြို့တွင် ကြားဖြတ် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်ဒီဇင်ဘာလမှ စတင် ကောက်ယူ လျက်ရှိကြောင်းသိရသည်။
ခါမ်းပါတ်မြို့ အနေဖြင့် တွီဗန်ကျေးရွာ ၊ အောက်တောင်းကျေးရွာ၊ ကမ္မကြီး(တောင်) ရပ်ကွက်၊ တိန်းကယား(ချင်း)ကျေးရွာနှင့် ကနန်ကျေးရွာတို့တွင်ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း ခါမ်းပါတ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှသိရသည်။
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိစ္ဆာန်ကောင်ရေ တိုးပွါး လျှော့နည်းမှုဆိုင်ရာ ကွာဟ ချက်များအား ခန့်မှန်းတွက်ချက်နိုင်ရန် ရည်ရွယ်ကောက်ယူခြင်းဖြစ်ပြီး ထိုသို့ ကောက်ယူခြင်း ဖြင့် တိရစ္ဆာန်ကောင်ရေတိုးပွါးမှုစံနှုန်းများအား ပြင်ဆင်တွက်ချက်၍ နိုင်ငံတွင်းရှိ တိရစ္ဆာန် ကောင်ရေစုစုပေါင်းစာရင်းအား အနီးစပ်ဆုံးအတည်ပြုနိုင်မည်ဖြစ်ပြီး ပြန်လည် အတည်ပြု ပြီးသောတိရစ္ဆာန်ကောင်ရေစာရင်းအား အခြေပြု၍မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး ၊ တိရစ္ဆာန် ကျန်းမာရေး နှင့် အာဟာရဆိုင်ရာစီမံကိန်းများအား ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)