ဘုရားသုံးဆူ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် စတင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆောင်ရွက်မှုများအား ဘုရားသုံးဆူမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ သိန်းမော်ဝင်း၊ အမှတ်၂ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဦးဖုန်းကျော်ကျော်နှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက ဘုရားသုံးဆူမြို့အတွင်းရှိ အိမ်မွေးတိရစ္ဆာန်များအား စာရင်းကောက်ယူခြင်း၊ ဝက်မွေးမြူးရေးခြံများ၊ နွားခြံများမှ တိရစ္ဆာန်များအား စာရင်းကောက်ယူခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ခဲ့ပြီး ကျေးရွာအုပ်စု(၈)ခုရှိ ကျေးရွာပေါင်း(၁၅)ရွာ၌ ကြားဖြတ်တိရစ္ဆာန် စာရင်း ကောက်ယူခြင်းအား ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလထိကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်သူဟိန်း