ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိ‌စေရေးအတွက် Mask Campaign လုပ်ငန်းများ ဆောင်ရွက်

ပိုင်ကျုံ   ဒီဇင်ဘာ   ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး  ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ဒေါ်လန်းကျေးရွာအ၀င်လမ်း နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို    ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်လန်းကျေးရွာ၊ ကျေးလက်ကျန်းမာ ရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာ‌ရေးမှူး ဦးမင်းကျော်စိုးနှင့် ဆရာ/မများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ဦးနှင့် ကျေးရွာလူငယ်များက ဒေါ်လန်းကျေးရွာအ၀င်လမ်းနှင့် လူစည်ကားရာနေရာ များ၌ ပြည်သူများ အပြင်သွားရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား Mask အခမဲ့ဖြန့်ဝေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်အသိပညာပေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)