ကျောက်တန်း ဒီဇင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်ချနိုင်ရေးနှင့် Mask စနစ်တကျ တပ်ဆင် ရောင်းချစေရေး အသိပညာပေးခြင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးရှိ အရောင်း ဆိုင်များနှင့် လူစည်ကားရာနေရာများတွင် ယမန်နေ့ နံနက် ၈ နာရီက တာဝန်ရှိသူများမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များရှိ ခရီးသွားပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အလေးထားလိုက်နာစေရေးနှင့် မလိုအပ်ဘဲနယ်မြေကျော်လွန် သွားလာမှုမရှိစေရေးအတွက် မြို့အဝင်/အထွက်အဓိက နေရာများတွင်လည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကျောက်တန်းမြို့နယ် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေး ဦးသန်းဌေးက ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)