မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုး သည့် မိုးစပါး မနောသုခ(ဆင်းသုခ)မျိုးစပါးများရိတ်သိမ်း

မြို့သစ် ဒီဇင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်မှ    မိုးစပါးမနောသုခ(ဆင်းသုခ)မျိုးစပါး စိုက်တောင် သူများအားစိုက်ပျိုးရေး  ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန မှ  တောင်သူ အချင်းချင်း ဆက်လက်မျိုးသန့်ပွား စိုက်ပျိုးနိုင်စေရန် ရည်ရွယ်လျက် စပါးမျိုး သန့်ပွားများ (  RS  to CS)လုပ်ငန်းအား ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အတွင်း Covid-19 ကာလ စီးပွားရေး ပြန်လည်ကုစားမှုလုပ်ငန်းစဉ်(Covid-19 Economic Relief Plan; CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုး သန့်ထုတ် (၄၂၀)ဧကအား စိုက်ပျိုးရာတွင် စိုက်ပျိုး ရေရရှိမှုကြောင့် မျိုးသန့်စိုက်လယ်များ  ဖြစ်ထွန်း အောင်မြင်၍ ယမန်နေ့နံနက်ပိုင်းက   ရိတ်သိမ်းခဲ့ ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

CERPအစီအစဉ်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများကိုလည်း စတင်စိုက်ပျိုးသည့် အ ချိန်တွင် နိုင်ငံတော်မှ စပါးမျိုးသန့်ထုတ်စိုက်ခင်း(၄၂၀)ဧကမှ တောင်သူများအတွက် မျိုးဖိုး ၊ စိုက်ပျိုး စရိတ် ၊ မျိုးကွဲပယ်စရိတ် ၊   သန့်စင်ခစရိတ်ဆိုပြီး ပံ့ပိုးပေးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ထံမှသိရသည်။

"ကျနော်တို့ အခုရိတ်သိမ်းနေတာကတော့ ဧက(၁၀၀)စံပြကွက်ဖြစ်ပါတယ် မိုးစပါးမနောသုခ (ဆင်းသုခ) စပါးမျိုး  စိုက်ပျိုးထားပါတယ် ၊ ကျနော်ကတော့ CERP အစီအစဉ်အရ (၆)တန်း (၁)တန်းလပ် စိုက်ပျိုးထားပါတယ် စိုက်ပျိုးထားတာက မနောသုခ(ဆင်းသုခ) စပါးမျိုး ဖြစ်ပါတယ်  ၊ အစိုတင်း ထွက်အနေနဲ့ တစ်ဧကကိုပျမ်းမျှ(၉၅) တင်းမှတင်း(၁၀၀)ထိ ထွက်ပါ တယ် ၊    စျေးနှုန်းကတော့  စပါး တစ်တင်းကို(၆၈၀၀)ဖြင့်ရောင်းရပြီး ကျနော်တို့ တောင်သူ အချင်းချင်းလည်း မျိုးစပါး ပြန်လည်မျှဝေ နိုင်တော့မှာဖြစ်ပါတယ်  CERP  အစီအစဉ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး  ပံ့ပိုးငွေလည်းရပါတယ် "ဟု ကိုရံ တောင်ရွာမှ တောင်သူဦးသန်းဇော်ဦးမှ ပြောသည်။

မြို့သစ်မြို့နယ်တွင်  CERP  မိုးစပါးစိုက်တောင်သူများအနေဖြင့်  စိုက်ပျိုးရေရရှိဖို့  နည်းလမ်း ပေါင်းစုံဖြင့် စိုက်ပျိုးနေကြရပြီး အစိုးရဆည်တမံ ၊ ဆည်ငယ်ကန်ငယ်၊မိုးကောင်းသောက်နှင့် ရေစုတ် စက်ဖြင့်မြေအောက်ရေသောက်ဆိုပြီး နည်းလမ်းမျိုးစုံဖြင့်စိုက်ပျိုးကာ မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှလည်း CERP အစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရာ ဖြည့်စွက်ရေပေးနိုင်မည့် တောင်သူများ ရေမြေသေချာမည့် စိုက်ပျိုးလယ်များကို ရွေးချယ်ပေးခဲ့သည့်အတွက် CERP မိုးစပါး စိုက်တောင်သူများ အထွက်တိုး ကောင်းမွန်ကာ အဆင်ပြေကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံမှ သိရသည်။

ကိုရံတောင်ကျေးရွာမှ  ဧက(၁၀၀)စံပြကွက်တွင် တောင်သူ ကိုမြင့်သိန်း ၊  တောင်သူ ကိုသန်း ဇော်ဦးတို့   စိုက်ပျိုးထားသည့်  မိုးစပါးမနောသုခ(ဆင်းသုခ)မျိုးစပါးရိတ်သိမ်းပွဲကို  မကွေးခရိုင် အုပ်ချုပ်ရေးမှူး(ညွှန်ကြားရေးမှူး)ဦးစိုးနိုင် ၊ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး  ဦးငွေဆန်း ၊လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာ  အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်ထွန်း( ပြန်/ဆက်)