အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)တွင် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြု နိုင်စေရန် ဦးတင်ဝင်း+ဒေါ်သိန်းသိန်းဦး မိသားစုမှ Rivaroxaben ဆေး(၅)ဘူး၊ ကွယ်လွန်သူ ဖခင်ကြီး ဦးသိန်းဇံအား ရည်စူး၍ ဒေါ်ဝင်းဝင်းမာနှင့် ဒေါ်လွင်လွင်မာတို့မှ Rivaroxaben ဆေး(၁)ဘူး၊ ဒေါ်အေးအေးမာ နှင့် မောင်နှမများမှ 40L Oxygen Cylinder(၁)လုံးနှင့် ဦးစောတိတ်အိန်+ဒေါ်ခင်စမ်းမြင့် မိသားစုမှ အလှူငွေကျပ်(၁)သိန်းတို့ကို လှူဒါန်းရာ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)