ပင်လည်ဘူး ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine Center များတွင် ပြည်တွင်း ပြည်ပပြန် ကန့်သတ် စောင့်ကြည့်ထားရှိသူများရှိရာ ဒီဇင်ဘာ ၉ ရက်နေ့က မြို့ပေါ် ရပ်ကွက် Quarantine Centre များတွင် ကန့်သတ်စောင့်ကြည့်ထားရှိသူ(၇)ဦးနှင့်ကျေးရွာများရှိ Quarantine Centre များတွင် ကန့်သတ်စောင့်ကြည့် ထားရှိသူ(၉)ဦး စုစုပေါင်း (၁၆)ဦးတို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ နှာခေါင်းနှင့် အာခေါင် တို့ဖတ်များ ရယူကာ RDT test kit ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ပြည်တွင်း ပြည်ပပြန် Facility Quarantine ကန့်သတ်စောင့်ကြည့်ထားရှိသူ (၁၆)ဦး တို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်း မရှိကြောင်း၊ ကျန်းမာရေး အခြေအနေမှာ လည်းကောင်း မွန်လျက်ရှိကြောင်း၊လက်ရှိအချိန်အထိ ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မရှိသေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
မျိုးလွင်(ပင်လည်ဘူး)