မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင်လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်

မုဒုံ   ဒီဇင်ဘာ  ၁၀

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီခန့်က လူငယ်နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအသိပညာပေး Talk Show ကိုပြုလုပ်သည်။

မျိုးဆက်သစ်လူငယ်များအတွက် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာများ ရရှိစေရန် ရည်ရွယ်၍ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုး စန္ဒာထွန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခင်ဌေးရီနှင့်မြန်မာ နိုင်ငံ ဆရာဝန် အသင်းလူငယ့်စေတမန်စီမံချက်မှ ကွင်းဆင်းညှိနှိုင်းရေးတာဝန်ခံဦးစန်းငွေသန်းတို့က မျိုးဆက်ပွားကျန်းမားရေးနှင့်ပတ်သတ်ပြီး လူငယ်တွေကြုံတွေ့နေရတဲ့ပြသနာများ၊ စီမံချက် အနေနဲ့ မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများနှင့်လက်ရှိ ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်ချက်များစသည့် မျိုးဆက်ပွားကျန်မာရေးဆိုင်ရာအသိပညာများတို့ကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)