ဂန့်ဂေါ ဒီဇင်ဘာ ၁၀
ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခြင်း ကို ယမန်နေ့က ဂန့်ဂေါမြို့ မြို့မဈေး ဈေးကော်မတီရုံးတွင် ပြုလုပ်သည်။
ထိုသို့ ဆွေးနွေးကြရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ဂန့်ဂေါခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးသန်း ထက်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦး၊ မြို့နယ် လျှပ်စစ်စာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာ ဦးအောင်ကျော်မင်း၊ ခရိုင်ပြန်ဆက်ဦးစီးဌာန ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်အေး၊ ဈေးကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကာ ဈေးအတွင်းရှိ အပေါ့စား မီးသတ်စက်၊ ဒိုင်မင်းရှင်းများအား အသင့်အနေအထားဖြစ်အောင် စစ်ဆေး ဆောင်ရွက်ထားရန်နှင့် (လူအသင့်၊ ဆီအသင့်၊ ရေအသင့်၊ စက်အသင့်) သင့် ၄ သင့်ဖြစ်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်၊ ဈေးဆိုင်ခန်း များတွင် မီးလောင်လွယ်သော ပစ္စည်းများရှိ၊မရှိ စစ်ဆေးရန် စသည်ဖြင့် အချက် ၁၇ ချက်ကို ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် အဆိုပါဈေးတွင် မီးဘေးလုံခြုံရေး လုပ်ငန်းများ၊ မီးငြိမ်းသတ်ရေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
တောင်သားမောင်သန်း