ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဟံသာဝတီလမ်းနှင့် အခြားလိုအပ်သော နေရာများတွင် လျှပ်စစ်ကြိုးများနှင့် မလွတ်ကင်းသည့် အန္တရာယ်ရှိသော သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ဆောင်ရွက်ရာနေရာသို့ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း အမှတ်(၁)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းတို့က ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)