ထီးလင်း ဒီဇင်ဘာ ၁၀
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ ဌာနဆိုင်ရာ ရုံးအဆောက်အဉီများနှင့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ မီးဘေးအန္တရာယ်မှကြိုတင် တားဆီးကာကွယ်နိုင်စေရေး တို့ အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ထီးလင်းမြို့နယ် မီးသတ်ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဘီးရာမှိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ ရုံးအဆောက်အဦများတွင် မီးဘေးလုံခြုံရေး စစ်ဆေး အကြံပြုခြင်း၊ စက်သုံးဆီအရောင်းဆိုင်များနှင့်လူနေအိမ် အဆောက်အဉီ များတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် ပြည်သူများအား မီးဘေးလုံခြုံရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည့် မီးဘေးလုံခြုံရေး ဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)