လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာလ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ နှာခေါင်းစည်းMask တပ်ဆင်သွားလာရေး အသိပညာ ပေးနှင့် စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ သွားလာသူများအား အရေးယူဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက aလူစည်ကားရာ နေရာများ ဖြစ်သည့် ပင်လုံဈေး၊ ဗိုလ်အောင်ကျော်လမ်း တို့တွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် Mask ကို နှာခေါင်း ၊ပါးစပ်များတွင် စနစ်တကျ တပ်ဆင်ခြင်းမရှိဘဲ မေးစေ့တွင်ချိတ်၍ သွားလာသူများနှင့် Mask မတပ်ဘဲသွားလာသူအများအား Mask တစ်ခုလျှင် ငွေကျပ်(၂၀၀)ဖြင့် ဝယ်ယူစေသည့် အပြစ်ဒဏ်ငွေပေးဆောင်စေပြီး Maskများ အားစနစ်တကျ တပ်ဆင် စေသည့် နည်းလမ်းများ၊ စနစ်တကျတပ်ဆင်ခြင်းမရှိက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းနှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်သည်။
အဆိုပါဆောင်ရွက်ရာတွင် ၊ မြို့နယ်စည်ပင် သာယာရေးဌာနမှ အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှခေါင်းစည်း Mask တပ်ဆင်ရေး အသိပညာပေးနှင့် စနစ်တကျ တပ်ဆင်ခြင်း မရှိဘဲသွားလာ သူများအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)