တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာဉ်များ ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွား လာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်

တောင်ဥက္ကလာပ        ဒီဇင်ဘာ           ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ ်ထိန်းချုပ်နိုင်ရန်အတွက် အရေးကြီးကိစ္စမှ အပမလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၃)နာရီ မှ ညနေ (၄)နာရီခွဲအချိန်ထိ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၃) ရပ်ကွက် သံသုမာလမ်းမကြီးပေါ်ရှိ Max ဆီဆိုင်ရှေ့၌ စစ်ဆေးရေးဂိတ်ဖွင့်၍ သွားလာနေသော ယာဉ်များအား မိသားစုကျန်းမာရေး၊ စားသောက်ရေး၊ ဈေးဝယ်ခြင်း ကိစ္စများစသည့် အရေးကြီးကိစ္စမှအပမလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်း၊ သတ်မှတ်ထားသော လူဦးရေထက်ပို၍ စီးနင်းလိုက်ပါလာသော ယာဉ်များအား စစ်ဆေးခြင်း၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ မောင်းနှင်ခြင်းနှင့် စီးနင်းလိုက်ပါသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ စစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေထက် (ပြန်/ဆက်)