ဗန်းမောက် ၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံပင်/မံကုန်းကျေးရွာများရှိ တောင်သူ များနှင့် လယ်သီးထပ်အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အများပြည်သူ သုံးကျေးလက်ခန်းမ၌ ကျင်းပပြုပ်လုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လယ်သီးထပ်စိုက်ပျိုးနိုင်ရေးဆွေနွေးပွဲတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကျော်စိုးက ဒေသခံတောင်သူများ အခက်အခဲမရှိစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား ချပြဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဟန်စိုးက ဆောင်းသီး နှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ပြောင်းလဲလာသောရာသီဥတုနှင့်အညီ သီးနှံများစိုက်ပျိုးနိုင်ရေး၊ ဒေသအတွင်း တစ်ပိုင်တစ်နိုင် ကြက်သွန်နီစိုက်ပျိုးရာမှ စျေးကွက် ဝင်ကြက်သွက်နီ စနစ်တကျ တိုးချဲ့စိုက်ပျိုးနိုင် ရေး၊ အာဟာရပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးတတ်စေရန် ပညာပေးခြင်း လုပ်ငန်းများကို Power Piont များဖြင့် ရှင်းလင်းခြင်း တောင်သူများဖြစ်ပေါ်နေသော အခြေအနေများအပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်းကောင်းမျိုးစေ့များကို ဒေသခံတောင်သူများ လုံလောက်စွာဝယ်ယူစိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာ ဌာန အသီးသီးဖြင့်ပူးပေါင်းကာ တောင်သူများ သီးနှံ စိုက်ပျိုးမှု ပိုင်းဆိုင်ရာတွင် ဖြစ်ပေါ်နေသော အခက်အခဲ များအား ကူညီဖြေရှင်းပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေး လျှက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကြောင့် တောင်သူများ တစ်ပိုင်တစ်နိုင်သီးနှံများစိုက်ပျိုးရာတွင် အခက်အခဲမဖြစ်ပေါ် စေရေးအတွက် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဒေသခံတောင်သူ ၇၅ ဦးတို့အား ကြက်သွန်နီ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုး၏ ပြောကြား ချက်အရ သိရသည်။
ကျော်စွာ(ဗန်းမောက်)