ကျိုက်ဒုံ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီက ဝက်ဒုံကျေးရွာ ဦးကိုနိုင်၏ လယ်မြေ(၂) ဧကတွင် ဆောင်းသီးနှံ၊ ရေဆင်း(၁၄)ပဲတီစိမ်းသီးထပ်ကို မျိုးစေ့ချကရိယာဖြင့်မျိုးစေ့ချ စိုက်ပျိုးခြင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ တောင်သူ(၁၆)ဦး တက်ရောက်ခဲ့ပါသည်။
ထိုသို့ တောင်သူပညာပေးပြသဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးမှူးမှ ဝက်ဒုံကျေးရွာနေ တောင်သူများကို ပဲတီစိမ်းစိုက်ပျိုး နည်းစနစ်များ၊ တစ်သီးမှနှစ်သီး၊ သီးထပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေပိုမိုရရှိစေပြီး GDPတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်