ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေကျပ်(၁၂.၄၀)သန်းဖြင့် ဆောင်ရွက်သော ပိတောက်လမ်းအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းရွာသစ်   ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်း များ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ပါသည်။

ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ် ၍ အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့် (၂)ပေရှိသော ပိတောက်လမ်း အုတ်စီ ရေမြောင်း ခင်းခြင်းလုပ်ငန်းကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၄၀)သန်းဖြင့် နိုဝင်ဘာလ ပထမ ပတ်မှစ၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် ဆောင်ရွက် လျက်ရှိရာမှ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ယခင်ကထက် မြို့ပိုမိုဖွံ့ဖြိုး တိုးတက် လာကြောင်း  မြို့စည်ပင် သာယာရေးအဖွဲ့မှ သိရှိရသည်။

ဇင်လေး