လှိုင်းဘွဲမြို့နယ် အင်းနို့သိပ္ပံကျေးရွာအုပ်စုနှင့်နောကောကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်း ဖော်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ ဒီဇင်ဘာလ ၁၀

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စုနှင့်နောကောကျေးရွာအုပ် ကျေးရွာချင်းဆက် လမ်းဖောက်လုပ် နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ဦးစောချစ်ခင်နှင့် တာဝန်ရ သူများက အင်းနို့သိပ္ပံကျေးရွာအုပ်စုမှ နောကောကျေးရွာအုပ်စုအထိ ဖော်လုပ်ထားသော ကျေးရွာချင်းဆက် လမ်း(၂မိုင်/၄ဖာလုံ)အား ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လမ်းကို သတ်မှတ် ချက်နှင့်အညီ ဆောင်ရွက်မည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ အနေဖြင့် လမ်းများကို သတ်မှတ်ချက်နှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်