မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ဧရာဝတီ တံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်၌ တာဝန်ယူဆောင်ရွက်သူများအား ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်း

ပခုက္ကူ  ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်၊ ဧရာဝတီတံတား(ပခုက္ကူ)စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာ ကွယ်ရေး လုပ်ငန်းများ တာဝန်ယူဆောင်ရွက်သူများအားအတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီက ပေးအပ်လှူဒါန်းကြသည်။

ရှေးဦးစွာ Social Care Volunteer Group (SCVG)မှ လက်ထောက်စီမံချက်မှူး(ပခုက္ကူတာဝန်ခံ) ဒေါ်ဇာဇာဝင်းက ဧရာဝတီတံတား (ပခုက္ကူ)စစ်ဆေးရေးဂိတ်တွင်  တာဝန်ယူဆောင်ရွက်သူများအသုံးပြုရန် လက်သန့်ဆေးရည် (၁၅)လုံး၊ Mask (၁၂)ဗူး၊ Methylated Sprit spray (၃၀)ဗူး၊ E.Glove (၁၅)ဗူး၊ PPE ဝတ်စုံ(၁၅)စုံ၊ Glass (၁၅)စုံ၊ Soap Gel သုံးလုံး၊ MHPSS Booklet (၅၀)စုံ စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး သုံးပစ္စည်းများကို ပခုက္ကူမြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းထံ ပေးအပ် လှူဒါန်းသည်။ 

ဆက်လက်၍ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က မြို့နယ်အတွင်း ဝင်ထွက်သွားလာကြသည့် ခရီးသွား ပြည်သူများအား ဧရာဝတီတံတား(ပခုက္ကူ)စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် အခြေခံကျန်းမာရေး ဆိုင်ရာ အချက်အလက်များကို စစ်ဆေးပေးလျက်ရှိကြောင်း၊ ထိုစစ်ဆေးရေးဂိတ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့စသည့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလှည့်ကျ စနစ်ဖြင့် တာဝန်ကျ ထမ်းဆောင်သူများထံ စနစ်တကျ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)