ရေး ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ယာယီတာဝန်ခံ) ဦးစီးအရာရှိ မိဟံသာမွန် ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဒေါ်အိဖြိုးတို့ပူးပေါင်း၍ အစင်ကျေးရွာအတွင်း ရောင်းချလျက်ရှိသောအစားအသောက် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို အိမ်ဆိုင်များ၊ဈေးဝင်းရှိဈေးဆိုင်ခန်းများတွင် တားမြစ်အလှ ကုန်ပစ္စည်းများ၊ သက်တမ်းကုန်ဆေးဝါးများနှင့် အစားအသောက်များကို Mobile Laboratory Van ဖြင့် ဒီဇင် ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် စစ်ဆေးတွေ့ရှိသော တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန်ဆေးဝါးနှင့် အစားအသောက်များကို ပြန်လည်သိမ်းဆည်းပြီး ကျန်းမာရေးဌာနက မီးရှို့ဖျက်ဆီးရန် FDA သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)