ချောင်းဆုံ ဒီဇင်ဘာ ၁၀
မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်းရှိ နွေစပါးနှင့်အခြားသီးနှံများစိုက်ပျိုးသည့် တောင်သူ များ အဆင်ပြေစေရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးတွင် ယနေ့နံနက်(၁၁)နာရီက ဆောင်းသီးနှံစိုက်ပျိုးစရိတ် ပဲမျိုးစုံ စိုက်ပျိုးရန်အတွက် ဒေါင်းရပ်အရှေ့ကျေးရွာရှိ တောင်သူများအား ချေးငွေများ ဆက်လက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးချေးငွေများကို တောင်သူများအား လူစုလူဝေးမဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်နှင့်အညီ (မနက်/ညနေ ခွဲပြီး) ထုတ်ပေးလျက် ရှိကြောင်း၊ ယနေ့ထုတ်ပေးသည့်ချေးငွေမှာ ပဲမျိုးစုံစိုက်တောင်သူ(၆၂)ဦး၊ စိုက်ဧက(၃၀၇)ဧကအတွက် တစ်ဧကလျင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃၀၇)သိန်းအား တောင်သူများထံ ထုတ်ချေးပေးခဲ့ ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဇော်လေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)