ချောက် ဒီဇင်ဘာ ၁၀
ချောက်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ချောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ချောက်မြို့အတွင်းရှိရပ်ကွက်များ၊တို့တွင် မီးဘေးလုံခြုံရေးမီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေး အကြံပေးခြင်း လုပ်ငန်း များဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင်နေအိမ်များမှမီးချိတ် ၊ မီးကပ်၊လှေကား ၊ မီးသတ်ဆေးဗူးများနှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မီးသတ်ဆေးဗူး အသုံးပြုပုံ ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ် လာပါကအရေးပေါ်ဆောင်ရွက်ရမည့်အချက်များနှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ဖုန်းနံပါတ်တို့ကိုအကြံပေးခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက်ကွင်းဆင်ဆောင်ရွက်ခြင်းကို မြို့နယ် မီးသတ်ဦးစီး ဌာနမှဦးစီးအရာရှိဦးသိန်းဇော်ဝင်း၊ဒုဦးစီးမှူးဦးဇင်မျိုးသန့်နှင့်တပ်ဖွဲ့ဝင်များက တစ်အိမ် တက် ဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)