Quarantine ဝင်ရောက်နေသူများအတွက် သောက်သုံးရေအဆင်ပြေစေရန် အလှူရှင်အသီးသီးမှ လှူဒါန်းခဲ့သော ရေသန့်ကဒ်(၆၀၀)ကျော်ထိလှူဒါန်းရရှိ

လှည်းကူး    ဒီဇင်ဘာ  ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုရှိ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန၌ Quarantine ဝင်ရောက်နေသူ များ သောက်သုံးရေ အဆင်ပြေစေရန် အလှူရှင် အသီးသီးမှ လှူဒါန်းခဲ့သော ရေသန့်ကဒ်(၆၀၀) ကျော်ထိရရှိထားကြောင်း အဆိုပါ Quarantine Center မှ တာဝန်ရှိသူ ဆရာဦးသက်လွင်ထံမှ သိရသည်။

လှည်းကူးမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် Quarantine Center (၃)ခု၊ မြို့နယ် အစီအစဉ်ဖြင့် Quarantine Center (၄)ခု ၊ စုစုပေါင်း Quarantine Center (၇)ခုရှိရာ ဇရပ်ကွင်းကျေးရွာ အုပ်စုရှိ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့်လေ့ကျင့်ပညာပေးဌာန၌ Quarantine ဝင်ရောက်နေသူများ အတွက် စားဝတ်နေရေးအခက်အခဲနှင့် သောက်သုံးရေအခက်အခဲမရှိစေရန် လှည်းကူးမြို့နယ်အတွင်းရှိ အလှူရှင် အသီးသီးမှ လာရောက်လှူဒါန်းခဲ့သော ရေသန့်ကဒ် စုစုပေါင်း(၆၀၀)ကျော်ထိ လက်ခံရရှိခဲ့ပြီး စားရေးသောက် ရေးကို တိုင်းဒေသကြီးအစိုးရ၏ပံ့ပိုးမှုနှင့် မြို့နယ်အတွင်းမှ အလှူရှင်များ၏ လှူဒါန်း ရရှိမှု ဖြင့် စီစဉ်ဆောင် ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နိုင်လင်း (လှည်းကူး)