စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လမ်း၊တံတား တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်မည်

ကန့်ဘလူ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက် လမ်း၊တံတားတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၁၄ ဒသမ ၇၁၀၊တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်သန်း ၈၉၂ ဒသမ ၇၀၀ စုစုပေါင်း ကျပ်သန်း ၁၁၀၇ ဒသမ ၄၁၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် လမ်း၊တံတားလုပ်ငန်းများမှာ ပုပ္ပါး-အင်းလယ်ကြီး-ကန့်ဘလူ (ကျွန်းပင်ကုန်းနှင့်သရက်တာကျေးရွာကြား) လမ်း ဂျင်းမြေခင်း ခြင်း၊ရေရှင်-တရော်ကိုင်းကျေးရွာချင်းဆက် ဂျင်းလမ်းခင်းခြင်း၊ ရေကြည်ဦး-ရေရှင် ကျေးရွာ (မြေ + ဂျင်း) လမ်းခင်းခြင်း၊ ထန်းကုန်း-ဇီးပင်သာ-ရဲဒွေး-ထိန်တော-သရက်တာ-ကျေးပင် အက် (ထန်းကုန်းနှင့်ဇီးပင်သာကျေးရွာ ကြားအပိုင်း) ဂျင်းလမ်းခင်းခြင်း၊ အောက်တဲ-ဝက်သအင်းကျေးရွာချင်းဆက် (မြေ+ဂျင်း)လမ်းခင်းခြင်း၊ ဇီးကုန်း-ငါးရာနဲ-သိုးဘိုး-ချင်မြစ်ကျဉ်းလမ်း(ချင်မြစ်ကျဉ်း အပိုင်း) ဂျင်းလမ်းခင်းခြင်း၊ ကန့်ဘလူ-ဆည်ကြီး(မြေ +ဂျင်း)လမ်းခင်းခြင်း၊ မူးဘောင်လမ်းမှ မင်းဘာ-လက်ထုပ်ကုန်းကျေးရွာ ဂျင်းလမ်းခင်းခြင်း၊  ချပ်သင်း-ပေကုန်း-ဇင်းကျေးရွာချင်းဆက်လမ်း(မြေ +ဂျင်း) ခင်းခြင်း၊ ဆင်ကောင်း ကျေးရွာ အဝင် ကျောက်လမ်းခင်းခြင်းများ ဆောင်ရွက်မည်ဟုသိရသည်။

ထို့ပြင် ကံကြီး(အနောက်)ကျေးရွာ (စိုင်ချောင်းကူးတံတား) ကွန်ကရစ်တံတား တည်ဆောက် ခြင်း၊ထန်းတော-ခေါ်သန္တီ ကျေးရွာကြား ငှက်ခါးချောင်း ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်း၊ ဆင်ကောင်းကျေးရွာအထွက် ရေကျော်တစ်ခုတည်ဆောက်ခြင်းနှင့် အောက် တဲ-ဝက်သအင်းကျေးရွာလမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်တင်ဒါလုပ်ငန်းများစိစစ်ရွေးချယ်လျက်ရှိကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)