သရက်မြို့ရှိ ဆေးဆိုင်များအား သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါး များအား မီးရှို့ဖျက်ဆီးခြင်း ဆောင်ရွက်

သရက် ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ခရိုင် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများအား မီးရှို့ ဖျက်ဆီးခြင်းကို ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဆေးဝါးအတုနှင့် ဘေးဉပါဒ်ဖြစ်စေနိုင်သည့်ပစ္စည်းများဖြင့် ဖော်စပ်ထားသော ဆေးဝါး များ ရောင်းချခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်၊ ဆေးရောင်းချသည့်နေရာ အကျယ်အဝန်း၊ အလင်းရောင်နှင့် လေဝင် လေထွက်၊ တိရိစ္ဆာန်/ပိုးကောင်များ ဝင်ရောက်နိုင်ခြင်း၊ သန့်ရှင်းမှု၊ ဆေးရောင်းချမှုကို တာဝန်ယူ ကြီးကြပ် ဆောင်ရွက်သူ၊ ဆေးဝါးလက်ခံသိုလှောင်ရောင်းချခြင်းဆောင် ရွက်မှုသည် ဆေးဝါးအာနိသင် ပျက်စီးမှု အရည်အသွေး ပျက်စီးခြင်းတို့မှ ကာကွယ်နိုင်ခြင်း၊ ကာကွယ်ဆေး၊ သွေးမှထုတ်လုပ်သောဆေး၊ ဟော်မုန်းဆေးများအား ရေခဲသေတ္တာထဲ တွင်သာ ထားသိုရောင်းဝယ်ခြင်း၊ တိရိစ္ဆာန်သုံးဆေးဝါးနှင့် လူသုံးဆေးဝါးများကို သီးခြားဆိုင်ခွဲ၍ ရောင်းချခြင်း၊ လုပ်ငန်း နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ ရှိ/မရှိနှင့် လုပ်ငန်းလိုင်စင်ကို မြင်သာသောနေရာတွင်ချိတ်ဆွဲထားခြင်း ရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး ဈေးဆိုင်များမှ အပ်နှံထားသည့်သက်တမ်းလွန်ဆေးဝါးများကို ကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)